Posts

Showing posts from October, 2023

စျာန်

 မြေလျှိုးတာတို့ မိုးပျံတာတို့ တန်ခိုးအမျိုးမျိုးဖန်ဆင်းတာတို့  လုပ်နိုင် စွမ်းဆောင်နိုင်တာနဲ့  ရဟန္တာပါဆိုပြီး အတည်မပြုပါနဲ့ “ဈာန်”ဆိုတာ.... °°°°°°°°°°°°°°°°°°°°°° တချို့က ဈာန်ရတာနဲ့ ဈာန်ပျံတယ်လို့ ထင်ကြတယ်။ ဈာန်ပျံတယ်ဆိုတာ ဈာန်က ပျံတာမဟုတ်ဘူး။ “ဈာန်”ဆိုတာ အဓိပ္ပါယ်နှစ်မျိုးရတယ်။ လောင်ကျွမ်းတယ်ဆိုတဲ့အဓိပ္ပါယ်ကတစ်ခု၊အာရုံ ပေါ်မှာစူးစိုက်ပြီး ကပ်ပြီးရှုနေတယ်ဆိုတာတစ်ခု အဓိပ္ပါယ်နှစ်မျိုးရတယ်။ ပထမဈာန် ရလာပြီဆိုတာနှင့်တစ်ပြိုင်နက် စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ နီဝရဏတရားတွေကို လောင်ပစ်လိုက်တာ မရှိတော့ဘူး။ မီးက တစ်စုံတစ်ခုကို လောင်ပစ်လိုက်သလိုပေါ့။ ဥပမာအားဖြင့် စက္ကူကို မီးရှို့လိုက်ရင် စက္ကူကို လောင်ပစ်လိုက်တာမျိုးကို ပြောတာ။ ဒီသဘာဝတရားတွေက ကာမတဏှာတွေကို လောင် ပစ်လိုက်တယ်ဆိုတာ ဖျက်ဆီးပစ်လိုက်တာ။ဒါကို ပြောတာ။ နောက်တစ်ခုက နိမိတ်အာရုံလေးပေါ်မှာ စိတ် ကလေး က စူးစိုက်ပြီးတော့ ကြည့်နေတာ ရှုနေတာကို“ဈာန်”လို့ခေါ်တာတဲ့။ အဲဒီ ဈာန်ဆိုတာကို ဘာနဲ့ဖွဲ့စည်းထားသလဲဆိုရင် ခုနက ပြောတဲ့ အာရုံပေါ်မှာစိတ်ကူးနေတာရယ်၊ကြံစည်နေတာရယ်၊နှစ်ခြိုက်နေတာရယ် ၊ချမ်းမြေ့နေတာရယ်၊တည်ငြိမ်နေတာရယ်ဆိုတဲ့ စိတ်ရဲ့ စွမ်းအားငါ...