မြေ
လယ်ယာမြေ၊ ဥယျဉ်မြေ၊ ရွာမြေ ကွက်ရိုက် မြေကွက်တွေ ဝယ်မယ်ဆိုရင် ************************************* ဈေးကွက်ထဲမှာ ဥယျာဉ်မြေ၊ လယ်ယာမြေ၊ ရွာမြေတွေကို အကွက်ရိုက်ပြီး ရောင်းနေတာတွေ ရှိပါတယ်။ သည်မြေတွေဟာ တရားဝင်အဖြစ် အိမ်ဆောက်ပြီး နေလို့ရတဲ့ ကွက်ရိုက်မြေတွေ ဖြစ်မဖြစ် ဝယ်သူတွေ သိ ထားဖို့လိုပါတယ်။ ဝယ်ယူကြတဲ့အခါမှာ အပေါ်မှာ ဖော်ပြထားတဲ့ မြေအမျိုးအစားတွေက အရောင်းအဝယ် ပြုလုပ်ရင် တရား ဝင်ရဲ့လား၊ ဝယ်ခွင့်ရှိလို့လား၊ လူနေလို့ရလို့လားဆိုတဲ့ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်။ ဥပဒေအရ ဥ ယျာဉ်မြေ၊ လယ်ယာမြေတွေကို လူနေခွင့်မရှိတာ၊ လူနေဖို့ ကွက်ရိုက်ရောင်းတာတွေက တရားမဝင် ဘူးလို့ လည်း ပြောကြပါတယ်။ ဝယ်ထားမိသူတွေအတွက် လိမ်ရောင်းခံရတာတွေ၊ မြေယာပြဿနာတွေလည်း ကြုံ ကြရတာတွေကြောင့် တချို့က မဝယ်ရဲကြပါဘူး။ ဈေးကွက်ထဲမှာ လယ်မြေ တွေပဲ အကွက်ရိုက်ရောင်းတာ မျိုးမဟုတ်ဘဲ ဥယျာဉ်မြေ၊ ရွာမြေတွေကိုပါ ကွက်ရိုက်ပြီး ဈေးနည်းနည်းနဲ့ ရောင်းနေကြတာတွေလည်း ရှိ တယ်။ ဥယျာဉ်ခြံမြေ ဥယျာဉ်မြေတွေဟာ လယ်ယာမြေထဲမှာ ပါဝင်တယ်။ မြေစာရင်းဌာနမှာ ဥယျာဉ်ခြံမြေလို့ အမည်ပေါက်နေ ပေမဲ့ လူနေရပ်ကွက်အတွင်း ရောက်နေတဲ့ မြေကွက်တွေလည်း ရှိတယ်။ မြေစာရ...