မြေ
လယ်ယာမြေ၊ ဥယျဉ်မြေ၊ ရွာမြေ ကွက်ရိုက် မြေကွက်တွေ ဝယ်မယ်ဆိုရင်
*************************************
ဈေးကွက်ထဲမှာ ဥယျာဉ်မြေ၊ လယ်ယာမြေ၊ ရွာမြေတွေကို အကွက်ရိုက်ပြီး ရောင်းနေတာတွေ ရှိပါတယ်။
သည်မြေတွေဟာ တရားဝင်အဖြစ် အိမ်ဆောက်ပြီး နေလို့ရတဲ့ ကွက်ရိုက်မြေတွေ ဖြစ်မဖြစ် ဝယ်သူတွေ သိ ထားဖို့လိုပါတယ်။
ဝယ်ယူကြတဲ့အခါမှာ အပေါ်မှာ ဖော်ပြထားတဲ့ မြေအမျိုးအစားတွေက အရောင်းအဝယ် ပြုလုပ်ရင် တရား ဝင်ရဲ့လား၊ ဝယ်ခွင့်ရှိလို့လား၊ လူနေလို့ရလို့လားဆိုတဲ့ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်။ ဥပဒေအရ ဥ ယျာဉ်မြေ၊ လယ်ယာမြေတွေကို လူနေခွင့်မရှိတာ၊ လူနေဖို့ ကွက်ရိုက်ရောင်းတာတွေက တရားမဝင် ဘူးလို့ လည်း ပြောကြပါတယ်။ ဝယ်ထားမိသူတွေအတွက် လိမ်ရောင်းခံရတာတွေ၊ မြေယာပြဿနာတွေလည်း ကြုံ ကြရတာတွေကြောင့် တချို့က မဝယ်ရဲကြပါဘူး။ ဈေးကွက်ထဲမှာ လယ်မြေ တွေပဲ အကွက်ရိုက်ရောင်းတာ မျိုးမဟုတ်ဘဲ ဥယျာဉ်မြေ၊ ရွာမြေတွေကိုပါ ကွက်ရိုက်ပြီး ဈေးနည်းနည်းနဲ့ ရောင်းနေကြတာတွေလည်း ရှိ တယ်။
ဥယျာဉ်ခြံမြေ
ဥယျာဉ်မြေတွေဟာ လယ်ယာမြေထဲမှာ ပါဝင်တယ်။ မြေစာရင်းဌာနမှာ ဥယျာဉ်ခြံမြေလို့ အမည်ပေါက်နေ ပေမဲ့ လူနေရပ်ကွက်အတွင်း ရောက်နေတဲ့ မြေကွက်တွေလည်း ရှိတယ်။ မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံ မြေ ဖြစ်နေပေမဲ့ မြေကွက်က မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှိပြီး လူနေရပ်ကွက်ဖြစ်နေ တာ၊ ဝယ်ထားသူက အိမ်ခွန်စည်းကြပ်ထားရင် လယ်မြေအဖြစ် အကျုံးမဝင်ဘူး။ ဒါတွေကြောင့် မြို့ရွာ ရပ် ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေ တွေကို အရောင်းအဝယ်ပြုလုပ်နေကြတာလို့ အကျိုးဆောင် ရှေ့နေ မသူသူက ရှင်းပြပါတယ်။
မသူသူက “ဥယျာဉ်မြေ၊ ရွာမြေတွေကို ဂရန်အထိ လျှောက်ထားလို့ ရတာတွေရှိတယ်၊ ဥယျာဉ်ခြံမြေ တွေ ကတော့ လူနေရပ်ကွက်အတွင်း ရှိနေတယ်၊ စီမံချက်နဲ့ လျှောက်ခွင့်ပြုလိုက်တဲ့ နေရာတွေလဲ ရှိတော့ မြေ ဂရန်အထိ လျှောက်ခွင့်ရတဲ့ နေရာတွေလဲ ရှိနေတာကြောင့် စိတ်ပူစရာတော့ မရှိဘူး၊ ဒါပေမဲ့ ဝယ်ထားတဲ့ မြေကွက်က အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ စစ်မှန်ဖို့တော့ လိုတယ်” လို့ ပြောပါတယ်။
ရွာမြေဆိုတာ
ရွာမြေဆိုတာ လူနေရပ်ကွက်အတွင်းရှိ နိုင်ငံတော်က တရားဝင်ချပေးထားတဲ့ မြေ မဟုတ်သေးတဲ့ မြေအ မျိုးအစားလို့ သိရပါတယ်။ စီမံချက်နဲ့ ဂရန်လျှောက်ထားခွင့် ရနိုင်တဲ့ အမျိုးအစားဖြစ်တယ်။ တချို့က ကျေးရွာ တိုးချဲ့မြေလို့လည်း ခေါ်ကြပါတယ်။ လူနေမြေ မဟုတ်ဘဲနဲ့ လယ်ယာမြေ အဖြစ် သတ်မှတ်ထား သေးတဲ့ နေရာတွေလည်း ရှိတာကြောင့် ဝယ်ယူတဲ့အခါမှာ သက်ဆိုင်ရာ မြေတိုင်းရုံးတွေမှာ စိစစ်ဖို့တော့ လိုပါတယ်။
“ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်နေရင်တော့ ပိုပြီး ကောင်းတယ်၊ လူမနေ သေး တဲ့ ကွင်းပြင်တွေမှာ အကွက်ရိုက်ရောင်းတာတွေကိုတော့ ဝယ်လို့မရတာတော့မဟုတ်ဘူး၊ ဝယ်လို့ရတယ်၊ လူနေလို့တော့ မရဘူး၊ တရားမဝင်ဘူး၊ လူနေရပ်ကွက်အတွင်းမှာ လူနေထိုင်မှုများတဲ့ နေရာတွေ၊ ကျေးရွာ တိုးချဲ့တွေမှာ ရှိတဲ့ ဥယျာဉ်မြေ၊ ရွာမြေ တွေကိုတော့ လယ်ယာမြေထဲ ထည့်မှတ်လို့ မရတာတွေရှိတယ်” လို့ မသူသူက ပြောပါတယ်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေကို လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးထားတဲ့ မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုးတဲ့ခြံမြေ၊ မြေနုကျွန်းမြေ၊ စတာတွေကို ခေါ်ဆိုတာလို့ ပါဝင်ပါတယ်။ အဲသည်ထဲမှာ မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာတွေ၊ ဘာသာရေး အဆောက်အအုံ နယ်နိမိတ်တွေ မပါဝင်ဘူးလို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
လယ်ယာမြေ ဆိုတာ
အရင်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေတွေအရ လယ်ယာမြေတွေကို လွှဲပြောင်းရောင်းချဖို့ ခွင့်မပြုထား ပါဘူး။ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေ ဥပဒေမှာတော့ လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းမှုတွေ ပြုနိုင်တယ်လို့ ပြဋ္ဌာန်းပါတယ်။ ဒါပေမဲ့ ပြုလုပ်မယ်ဆို သက် ဆိုင်ရာ မြို့နယ်၊ ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ပြီး ပြုလုပ်မှ တရားဝင်တာဖြစ်ပြီး လူနေခွင့် မရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းပဲ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ အကွက်ရိုက်ရောင်းချနေတဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်မြေတွေ၊ ရွာမြေတွေက လူနေ ရပ် ကွက်အတွင်းမှာ ရှိတာတွေ ရှိသလို လူနေရပ်ကွက် မဟုတ်ဘဲ လယ်ယာမြေအဖြစ်ဘဲ ရှိနေတဲ့ မြေကွက် တွေလည်း ရှိနေတာကြောင့် သတိပြုသင့်တယ်။ မြေကွက်ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို လယ်ယာ မြေအဖြစ် သတ်မှတ်ထားတာ ဟုတ်မဟုတ် စုံစမ်းရမှာပါ။ မြေစာရင်းဥိးစီးဌာနမှာ ဝယ်ယူတာဆိုရင်တော့ မြို့မြေစာရင်းထဲမှာ ပါဝင်မှ ဝယ်သင့်တယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ အကွက်ရိုက် ရောင်းချနေကြတဲ့ မြေကွက်တန်ဖိုးတွေက ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို ကျပ် ၁၀ သိန်းကျော်ကနေ ကျပ် သိန်း ၄၀ ကြားအထိ ရှိပါတယ်။
Credit: Moden & Winningland
============================
လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်များ၊ သတ်မှတ်နှုန်းထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်းပေး
*************************************
လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ အခွန်တံဆိပ်ခေါင်းတန်ဖိုး မည်မျှ ကပ်ရမည်၊ စာချုပ်စာတမ်းမှတ်ပုံတင်ခ မည်မျှပေးသွင်းရမည်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်များ၊ သတ်မှတ်နှုန်းထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်က လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ အခွန်တံဆိပ်ခေါင်းတန်ဖိုး မည်မျှကပ်ရမည်၊ စာချုပ်စာတမ်း မှတ်ပုံတင်ခမည်မျှပေးသွင်းရမည်ကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိ သည့်အတွက် လယ်ယာမြေရောင်းဝယ်မှုအား တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်များ၊ သတ်မှတ်နှုန်းထားများ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော် က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနအနေဖြင့် တံဆိပ်ခေါင်းခွန်နှုန်းထားအတွက် အထူးဥပဒေ(Mother Law) ဖြစ်သည့် တံဆိပ်ခေါင်းခွန် အက်ဥပဒေနောက် ဆက်တွဲဇယားတွင် ပါရှိသည့်အတိုင်း ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(ဂ)နှင့်စပ်လျဉ်းပြီး လယ်ယာ မြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံ၍ ချေးငွေ တစ်ရပ်ရပ်ရယူခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများ အတွက် ချုပ်ဆိုသည့်စာချုပ်စာတမ်း အမျိုးအစားအလိုက် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ထိုက်သင့်သည့် တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ပြီး ဦးစီးဌာနက သတ်မှတ်ထားသည့် စာချုပ်စာတမ်း မှတ်ပုံတင်ခပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပါ ကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပါ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ ဆိုသည့်စကားရပ်အား အစားထိုးပြင်ဆင်နိုင်ရန်အတွက် လယ်ယာမြေဥပဒေကို ပြင်ဆင် သည့်ဥပဒေ(မူကြမ်း)ကို ဥပဒေ ပညာရှင်များ၊ ဌာနရှိ ကျွမ်းကျင်ဝန်ထမ်းများနှင့် ညှိနှိုင်းရေးဆွဲပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၈.၆.၂၀၁၇ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်ရုံး သို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းပြီးပါက ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
Ref : ပြည်သူ.လွှတ်တော် & Winningland
============================
မြေယာပြဿနာများကို ဖြေရှင်းရာတွင် ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရန်လိုအပ်နေဟုဆို
မြေယာပြဿနာဖြေရှင်းရာတွင် သက်ဆိုင်ရာ အရာရှိဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်ဆိုင်ရာ ပံ့ပိုးမှုများနှင့် ဥပဒေပိုင်းဆိုင်ရာပံ့ပိုးမှုများ လုပ်ဆောင်ပေးသင့်ကြောင်း၊ အကျိုးစီးပွားနှင့် သက်ဆိုင်ခြင်းမရှိဘဲ မြေယာဥပဒေများအား ကျွမ်းကျင် သည့် ပညာရှင်များအား ဆုံးဖြတ်ပိုင်ခွင့်ပေးကာမှန်ကန်မြန်ဆန်စွာ ဆုံးဖြတ်ချက်ရလဒ်များကို ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချမည် ဆိုပါက မြေယာပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း မုတ်သုံကျေး လက်ဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းကပြောသည်။
“ လက်ရှိ NLD အစိုးရမှာ မြေယာသိမ်းဆည်းခံရတဲ့ သူတွေအတွက် တရားမျှတသော အဖြေရှာပေးဖို့ နိုင်ငံရေး စေတနာရှိပါတယ်။ မူဝါဒတစ်ချို့လည်းချမှတ်ခဲ့တယ်။ ဒါပေမယ့်လို့ ဖြစ်နေတဲ့ အနေအထားက ဘာလဲဆိုတော့ ဗဟိုဦးစီးချုပ်ကိုင်မှုများတယ်”ဟု ဒေါက်တာသောင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော မြေယာပြဿနာများကိုဖြေရှင်းရာတွင် ကျေးလက်၊ မြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့်တစ်စုံတရာ ခွဲဝေပေးခြင်းနှင့် မြေ ရာဇဝင်အား တိကျစွာသိရှိပြီး တောင်သူလယ်သမား ကိုယ်စားပြု သူများကိုယ်တိုင် ဆုံးဖြတ်သူများနေရာတွင် ပါဝင်လာရန်လိုအပပြောသည်။ မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောသည်။
မြေယာပြဿနာများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ၊ ြဘောလီဘောပုတ်သကဲ့သို့ နိုင်ငံရေးဆန္ဒရှိသော် လည်း မြေယာပြဿနာအမှုတွဲများမှာ မြို့နယ်နှင့် ခရိုင်ကြားထဲတွင် ဘောလီဘောပုတ်သကဲ့သို့ တစ်ဝဲလည် လည်ရှိနေကြောင်း ဒေါက်တာသောင်းထွန်းက ပြောသည်။
“ ဒီကနေ့ မြေယာသိမ်းဆည်းခံရမှုကြောင့် နစ်နာမှုများ ကော်မတီတွေမှာမြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ဖြစ်နေတာက မြေစာရင်းက အရာရှိတို့၊ ဒီတော့ ကျွန်တော်တို့ ကနေ့ အမွေခံရတဲ့ ပြဿနာတွေမှာ ဒီလူတွေက အကျိုးစီးပွား စပ်ဆိုင်တဲ့ အထဲထဲမှာပါပါတယ်။ ကုမ္ပဏီတွေပါတယ်။ အကျိုးစီးပွားစပ်ဆိုင်တဲ့အပိုင်းတွေမှာ။ ဒီအထဲတွေမှာ ပတ်သက်ခဲ့ကြတဲ့ အဂတိလိုက်စားမှုနဲ့ ဆက်နွယ်နေတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့ပါတယ်။ ဒါကြောင့်မို့လို့တချို့ကိစ္စတွေမှာ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ သူတွေဟာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အထဲ ပါနေတဲ့အခါ ဒီပြဿနာတွေက မဖြေရှင်းနိုင်ဘဲတစ်ဝဲလည်လည် ဖြစ်နေတယ်”ဟု ဒေါက်တာသောင်းထွန်းက လက်ရှိ မြန်မာနိုင်ငံအတွင်း လယ်ယာမြေပြဿနာများ ဖြေရှင်းနေမှု အခြေအနေ အား သုံးသပ်ပြောကြားခဲ့သည်။
ယနေ့ မေလ ၈ ရက်၊ ရန်ကုန်၊ ORCHID ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြေယာပေါ်တွင် လစီပြုပြင်ပြောင်း လဲရေး၊ အင်ဒိုနီးရှားနိုင်ငံ၏ မြေယာပေါ်လစီပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုမှ သင်ယူလေ့လာခြင်း ဆွေးနွေးပွဲ ဒေါက်တာသောင်းထွန်းက မီဒီယာမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
Credit: Mizzima
လယ်မြေ ယာမြေ & photo credit
============================
ဂရန် နဲ့ ဦးယျာဉ်ခြံမြေတွေ ဘာတွေသိသင့်သလဲ
ဂရန်မြေနဲ့ ဥယျာဉ်ခြံမြေမှာ သိသင့်တာတွေ နဲ့ပတ်သက်ပြီး အမေးအဖြေ ဖော်ပြပါတယ်။
မေး။ ။ ဂရန်အမည်ပေါက်ရောင်းရင် ပထမရောင်းသူအမည် ပေါက်မှ မိမိလက်ရှိဝယ်ယူသူအ မည်ပေါက်ပြောင်းရင် ဂရန်စာ အုပ်အသစ်မှာ မိမိနာမည်နဲ့ ရမှာ လား၊ ဒါမှမဟုတ် ဂရန်စာအုပ်အ ဟောင်းနဲ့ မိမိပိုင်ဆိုင်ကြောင်း စာရွက်ပဲတွဲပေးပြီး ထွက်တာလား ။
ဖြေ။ ။ သူတစ်ပါးအမည်ပေါက် ဂရန်မြေကို ဝယ်ပြီး အမည်ပြောင်း ရင် အဲသည်ဂရန်စာအုပ်အ ဟောင်းကို ပြန်ကိုင်ရပါတယ်။ ဂရန်စာအုပ်မှာ အမည်ပြောင်းမှတ် တမ်းစာရွက် တွဲပေးလိုက်ပါတယ်။ အဲသည်စာရွက်မှာ မြေတိုင်းရပ် ကွက်၊ မြေကွက် အလွတ်၊ မြေ လွတ်တည်နေရာ၊ မြေဧရိယာ၊ မြေ အမည်ပေါက်ပိုင်ရှင် နာမည်ကနေ ဝယ်ယူသူပိုင်ရှင်အမည်ကို အရောင်းအဝယ်စာချုပ်အမှတ် — အရ အမည်ပြောင်းပေး လိုက်သည် စသဖြင့်ရေးသားပြီး ဌာနမှူး မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မနောက်မှတီဆိုပြီး အရာရှိလက်မှတ်နဲ့ ရုံးစည်း တံဆိပ်တို့ ပါဝင်မှာ ပါ။ ဂရန်စာအုပ်အသစ် ကိုင်ချင်ရင်တော့ မိမိနာမည်ပြောင်းပြီး ဂရန်ပျောက်နဲ့ ဂရန်သစ် လျှောက်ရမှာပါ။
မေး။ ။ ဥယျာဉ်ခြံမြေကို အိမ် ဝိုင်းမြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါသလား။ ရောင်းခွင့်ရဖို့ ဘာတွေလုပ်ဆောင်ရမှာပါလဲ။
ဖြေ။ ။ ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါတယ်။ ရောင်းခွင့်ရဖို့ အ တွက် မြေကွက်တည်ရှိရာမြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန မှာ မိမိအမည်ပေါက်မှန်ကန်မှု ရှိ မရှိသွားရောက်စစ်ဆေးရပါ တယ်။ မြေကွက်ရိုက်ရောင်းရင် လည်း အဲသည်မြေစာရင်းဦးစီးဌာ နမှာပဲတရားဝင်လျှောက်ထား နိုင်ရင်အကောင်း ဆုံးဖြစ်ပါ တယ်။ ဥယျာဉ်ခြံမြေက မိမိပိုင် ဆိုင်တာမှန်ပေမဲ့ မြေအမည် ပေါက်က အခြားသူ အမည် ပေါက် နေရင်တော့ ဝယ်သူပိုင်ဆိုင်တဲ့ အဆက်ဆက်စာချုပ်တွေတင်ပြပြီး မိမိအမည် ပြောင်းပေးဖို့။ အဲသည် မြေစာရင်းရုံးမှာပဲ လျှောက်ထား ရမှာ ဖြစ်ပါတယ်။
Credit : Kumudra
===========================
Comments
Post a Comment