ခရုချက် ကချင်ပြည်နယ် အစားအစာ
ခရုဆန်လှော် မျှစ်ချဉ်ချက်
အမေးများလို့ ချက်နည်းလေး ဝေမျှပေးပါမယ်
ပုံနဲ့အတူ ပါဝင်ပစ္စည်း ညွှန်းထားပါတယ်ရှင့်
စိတ်ဝင်စားတဲ့မည်သူ မဆို အလွယ်လေး ချက်စားလို့အဆင်ပြေမယ့်နည်း လေးကိုဝေမျှပေးထားပါတယ်ရှင့်
ရန်ကုန် မြို့နဲ့ပြည်တွင်းပြည်ပ order ခနနားထားပါတယ်ရှင့်
ကချင်မ chef မအားကိုင်
Yangon Kachin ma 09955491201
https://www.facebook.com/share/gbrhb3GbdeKFCong/?mibextid=WC7FNe
https://www.facebook.com/profile.php?id=100063768045386&mibextid=LQQJ4d
ခရု ရေမဆေးခင် ခရုအောက်ဖက်ပိုင်း ကို ဓားနဲ့ခုတ် ပစ်ရပါတယ်ရှင့်
သံပုရာ သီး ဆားနဲ့ ပွတ်ပေးရပါတယ် (5 မိနစ်ခန့်)
သန့်စင်သွားအောင်ရေ နဲ့သေချာဆေးပေးရပါတယ်
ပါဝင်ပစ္စည်းများ မျှစ်ချဉ် ဆန်လှော်မှုန့် ဂျင်း ကြက်သွန်ဖြူ ငရုပ်သီး
စပါးလင် ရှမ်း ပင်စိမ်း ဖက်ဖယ် နံနံပင် မက်လင်ချဉ် ဆီ
ပါဝင်ပစ္စည်း အားလံုး မညက်တညက် ထောင်းပီး ထည့်ပါရှင့်
သစ်ဂျပိုးခေါက် နံနံအမှုန့် ဆား ကြက်သားမှုန့် ထပ်ထည့်ပါရှင့်
နံ့အောင်နယ်ပီး ရေထည့် မိနစ်၃၀ ခန့် ခရုကြက်သွားအောင် ချက်ပါရှင့်
ဆန်လှော်မှုန့်ထည့်ပီး ရေ လိုအပ်ရင် ထပ်ထည့်ပီး
မပျစ်မကျဲ ၁၅ မိနစ်ခန့် ထပ်ချက်ပေးရပါမယ်ရှင့်
အရသာရှိလှတဲ့ ခရု မျှစ်ချဉ် ဆန်လှော် လေး ရပါပီရှင့်






Comments
Post a Comment