ကြွေပြား

 ကြွေပြားတွက်နည်း engineering calculations 


(မသိသေးသောသူများအတွက်သာရည်ရွယ်ပါတယ်)


၁၀'×၁၀' ပေပတ်လည်ကို ၁ကျင်းဟုမြန်မာစံနူန်းသတ်မှတ်ထားပါတယ်။

၁ပေတွင် ၁၂ လက်မရှိသောကြောင့်

၁၀×၁၂= ၁၂၀

၁၂၀×၁၂၀=၁၄၄၀၀

၁ကျင်းတွင်ရှိသော စကွဲယားလက်မ ၁၄၄၀၀ ရရှိပါတယ်။

ရရှိလာသော ၁၄၄၀၀ လက်မကိုမူတည်ပြီးမိမိသိလိုသောကြွေပြား Size နှင့်စားပါက ၁ကျင်းတွင်ရှိသောကြွေပြားအချပ်ရေကိုအလွယ်တကူသိရှိနိုင်ပါပြီ။


#ဥပမာ


၈"×၁၂"


ကြွေပြားကို ၁ကျင်းတွင်ဘယ်နှစ်ချပ်ရမလဲတွက်လိုပါက ----

၈"×၁၂"=၉၆


၁၄၄၀၀

   ÷  ၉၆

------------

     ၁၅၀ ချပ်


၁၂"×၁၂"


ကြွေပြားကို ၁ကျင်းတွင်ဘယ်နှစ်ချပ်ရမလဲတွက်လိုပါက ----

၁၂"×၁၂"=၁၄၄


၁၄၄၀၀

   ÷၁၄၄

------------

      ၁၀၀ ချပ်


ဘယ်ကြွေပြား size မဆိုအထက်ပါနည်းအတိုင်းအလွယ်တကူတွက်ကြည့်လို့ရပါပြီ🥰


နေ့ရက်တိုင်းကျန်းမာပြီးအဆင်ပြေကြပါစေ

Credit Original post 

G-nine Construction

Comments

Popular posts from this blog

လူထုဒေါ်အမာ

ခရုချက် ကချင်ပြည်နယ် အစားအစာ

လဘက်ရည်ဖျော်နည်း